Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo


Huawei P10 နဲ့ P10 Plus ဟာ တကယ်ပဲ Leica အရသာ ပေးမပေးကို ကျွန်တော်တို့ ကိုယ်တိုင် ရိုက်ကူးစမ်းသပ်ကြည့်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီမှာ ပြသထားတဲ့ ဓာတ်ပုံများကတော့ အများစုမှာ ဓာတ်ပုံဆရာ ဆရာ ကို Thi Ha ရဲ့ Landscape ပုံနဲ့ ဘုရားပုံတို့ကတော့ ဆရာ ကို Minzayar Oo နဲ့ YAN News တို့ရဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။ Portrait နဲ့ Landscape ဓာတ်ပုံများ တွဲပြရခြင်းအကြောင်းကတော့ P10/ P10 Plus တို့ဟာ ကင်မရာ သမား တစ်ယောက်ရဲ့ လိုအပ်တဲ့ ဘက်ပေါင်းစုံ အရည်အသွေးကို ပေးနိုင်မပေးနိုင်ကို ပြသချင်လို့ ဖြစ်ပါတယ်။

Leica အရသာ ပေးတဲ့ Huawei P10/P10 Plus


ဓာတ်ပုံဆရာ ကိုသီဟ (Thi Ha) ကနေပြီးတော့ Huawei P10 Plus ကို အသုံးပြုလို့ Leica ဆန်ဆန် Portrait ဓာတ်ပုံများ ရရှိနိုင်ကြောင်းကို သက်သေပြခဲ့ပါတယ်။

Huawei P10 Plus နဲ့ ရိုက်တဲ့ Leica ဆန်ဆန် ဓာတ်ပုံများ


Leica ကင်မရာ သမား အများစုဟာ ရန်ကုန်ကို Casual Street Photography အတွက် Paradise တစ်ခု ဖြစ်ကြောင်း ဆောင်းပါးတစ်ခုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Casual Street Photography အတွက် ရန်ကုန်ဟာ နိဗ္ဗာန် အဖြစ် အသိအမှတ်ပြုကြ


Leica Akademie USA ကနေပြီးတော့ မြန်မာပြည်မှာ ပထမဆုံး Leica ဓာတ်ပုံရိုက်ကူးမှု သင်တန်း workshop ကို ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ သူက classroom ထဲမှာ ထိုင်ပြီးတော့ သင်ရမှာ မဟုတ်ပါဘူး။ Leica Akademie နဲ့အတူ မြန်မာပြည်ကို ၁၁ ရက်ကြာ ခရီးသွားလို့ ရိုက်ကူးရမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ပထမဆုံး ပြုလုပ်မယ့် Leica သင်တန်း


(Marc Erwin Babej) ဟာဂျာမာန်နိုင်ငံသားဓါတ်ပုံပညာရှင်တစ်ဦးဖြစ်ပြီးတော့(Leica) ကင်မရာကိုခံယူချက်အပြည့်နဲ့နှစ်သက်တဲ့ဓါတ်ပုံပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။

ဗမာ့အငွေ့အသက်ကို ရိုက်ကူးရယူခြင်း (Photographer - Marc Erwin Babej)


Oskar Barnack အမည်ရ ပုဂ္ဂိုလ်ဟာ Leica ရဲ့ ပထမဆုံး ကင်မရာကို တီထွင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ကို 35 mm photography ရဲ့ ဖခင်လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ ယခု ဓာတ်ပုံကို ၁၉၂၀ ခုနှစ်တုန်းက သူကိုယ်တိုင် တီထွင်ထားတဲ့ ကမ္ဘာ့ပထမဆုံး Leica ကင်မရာနဲ့ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

၁၉၂၀ခုနှစ်က ဂျာမနီမှာ ရေကြီးတဲ့ ဓာတ်ပုံ


Leica ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် နာရီကို ၂၀၁၄ ခုနှစ် မေလ က ရောင်းချခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာမှ အလုံးရေ ၁၀၀ သာ ရောင်းချပြီး တစ်လုံး တစ်လုံးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ သောင်း ရှိပါတယ်။ Valbray EL1 limited edition လို့အမည်ပေးထားတဲ့ နာရီ ဖြစ်ပါတယ်။ Valbray ဟာ ဆွစ်ဇာလန်နိုင်ငံ အခြေဆိုက် နာရီ ကုမ္ပဏီ ဖြစ်ပါတယ်။

Leica နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် နာရီ


Leica ဟာ ကင်မရာထုတ်လုပ်တဲ့ စက်ရုံကို ဂျာမနီမှာအပြင် ဥရောပ နိုင်ငံအချို့မှာ ထားရှိထားပါတယ်။ ဝန်ထမ်းအင်အား ၁၆၀၀ ကျော်ရှိပြီး လက်ရှိမှာ Revenue ယူရိုသန်း ၃၆၅ သန်း ရှိတဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။

Leica ရဲ့ ကင်မရာ စက်ရုံတစ်ခု



၁၉၈၆ ခုနှစ်တုန်း ကဗြိတိန်ဘုရင်မ အယ်လီဇဘတ်-၂ ရဲ့ အသက် ၆၀ ပြည့်တဲ့ မွေးနေ့ အနေနဲ့ ဂျာမနီအခြေဆိုက် Leica ကုမ္ပဏီဟာ Leica M3 ကင်မရာ တစ်လုံးကို သေချာ ပြုလုပ်လက်ဆောင်ပေးခဲ့ ပါတယ်။ အခြား ဘုရင်တွေဟာ ရွှေကွတ်တာကြိုက်ပေမယ့် ဘုရင်မကြီး အယ်လီဇဘတ်ကတော့ ရွှေတစ်လက်လက်နဲ့ သုံးရတာမကြိုက်တာကြောင့် ရွှေတော့ ကွတ်မပေးခဲ့ ပါဘူး။

ဗြိတိန်ဘုရင်မကြီးလည်း Leica ကို စွဲလမ်းအသုံးပြုသူဖြစ်

အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင်အတော်များများမှာ Leica ကင်မရာကိုလည်း အသုံးပြုပါတယ်။ အများစု အနေနဲ့က Leica က ဓာတ်ပုံ ရိုက်ဖို့ပဲ သုံးထင်ကြပါတယ်။ တကယ်တန်းကတော့ သူ့ကို video အတွက်လည်း သုံးနိုင်ပါတယ်။

ဟောလိဝုဒ်ရုပ်ရှင်မှာ ရိုက်ကူးဖို့ သုံးတဲ့ Leica

၂၀၁၁ ခုနှစ်တုန်းက US မှ ဓာတ်ပုံဝါသနာရှင် Michael Bialecki လည်ပတ်ရောက်ရှိပြီး ပြောင်းလဲမှုများ စတင်နေတဲ့ မြန်မာပြည်ရဲ့ ပုံရိပ်များကို ယခုလို မှတ်တမ်း တင်ခဲ့ ပါတယ်။

၂၀၁၁ က မြန်မာ့ ပုံရိပ်


ကျွန်တော်တို့ဟာ လောကမှာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေကြပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ ထူးထူးချွန်ချွန်နဲ့ ချွန်ထွက်အောင်လည်း ကြိုးစားကြရ ပါတယ်။ ဒီ concept ဟာ ကျွန်တော်တို့ ဓာတ်ပုံဆရာ လောကမှာလည်း အတူတူပါပဲ။ Portrait ၊ ဖက်ရှင် ဓာတ်ပုံဆရာ သမား အများစုဟာ DSLR သို့မဟုတ် medium format ကင်မရာ တစ်ခုခုကို အသုံးပြု ပါတယ်။ ရလဒ်ကောင်းတွေလည်း ထွက်ပါတယ်။ ကျွန်တော်ကတော့ ဒီထက် ကောင်းတာ ဘာရမလဲလို့ အဖြေရှာတယ်။

Leica M9 နဲ့ Sexy ပုံ ရိုက်ရတဲ့ ခံစားချက်


လူတွေက ပြောကြတယ်။ အိမ်ထောင်ကျပြီးသွားတဲ့အခါ မိန်းကလေးပဲ ဖြစ်ဖြစ် ယောင်္ကျားလေးပဲ ဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်းတွေအပေါ် အချစ်ပေါ့သွားတယ်တဲ့။ ကျွန်မအတွက်ကတော့ အဲ့ဒီအယူအဆဟာ မှားပါတယ်။

ကျမအတွက် ဒုတိယ မိသားဟု သို့မဟုတ် ချစ်သော သူငယ်ချင်းများ

 ဓာတ်ပုံဝါသနာရှင် ကိုကျော်သီဟမှ သူ့ရဲ့ Leica ကင်မရာကို အသုံးပြုပြီး ရန်ကုန်မြို့ကို သူမြင်တဲ့ ရှုထောင့်နဲ့ ယခုလို ရိုက်ကူးထားပါတယ်။

Leica M 240 နဲ့ 28mm f2 မှန်ဘီလူးကို သုံးပြီးရိုက်ထားပါတယ်။

Thank you Ko Kyaw Thiha for providing the pictures.

ကိုကျော်သီဟရဲ့ အပျော်တမ်း Leica ဓာတ်ပုံများ


Leica Q ဟာ Leica ကင်မရာတွေထဲမှာ ဈေးသက်သာတဲ့ ကင်မရာ ဖြစ်ပါတယ်။ သက်သာတယ်ဆိုလို့ ဈေးပေါတယ်မထင်ပါနဲ့။ အမေရိကန်ဒေါ်လာ ၄၂၅၀ တရားဝင် ဈေးနဲ့ ရောင်းချပြီး မြန်မာပြည်မှာဆိုရင်တော့ သိန်း ၇၀ ပေါက်ဈေး ရှိပါတယ်။ သူက lens အသေပါတဲ့ ကင်မရာပါ။ Fixed lens လို့ အလွယ်ခေါ်ပါတယ်။ 24MP full-frame sensor နဲ့ 28mm F1.7 Summilux stabilized lens တို့ကို အသုံးပြုခြင်း ဖြစ်ပါတယ်။

Leica Q ဖြင့် ရိုက်ကူးထားသော မော်ဒယ်ဓာတ်ပုံများ

ဓာတ်ပုံဆရာ Daniel Zvereff ဟာ နယူးယောက်မှာ နေထိုင်ပြီး ကမ္ဘာပတ် ခရီးသွားလျက်ရှိတဲ့ ဓာတ်ပုံဆရာတစ်ဦး ဖြစ်ပါတယ်။ သူ့အနေနဲ့ Leica ကင်မရာကို အသုံးပြုပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်ခေါင်က လူနေမှု ဘဝကို ယခုလို မှတ်တမ်းတင်ထားပါတယ်။ ယခုလို still photography ရဖို့အတွက် 35mm ကို အသုံးပြုထားပါတယ်။

Leica ဖြင့် ရိုက်ကူးသော ရန်ကုန်မြို့လူနေမှုဘဝ ဓာတ်ပုံ


ဂျာမနီအခြေဆိုက် Leica ကုမ္ပဏီအနေနဲ့ ၁၉၉၆ ခုနှစ်တုန်းက ထိုင်းဘုရင် Bhumibol Adulyadej ရဲ့ နန်း သက်တမ်း နှစ် ၅၀ ပြည့်အထိမ်းအမှတ် အနေနဲ့ ကင်မရာ တစ်လုံး လက်ဆောင်ပေးခဲ့ ပါတယ်။ ယင်းကတော့ Leica M6 ဖြစ်ပြီး ထိုင်းဘုရင်အတွက် 24 ကာရပ် ရှိတဲ့ ရွှေသားအစစ်များနဲ့ ထည့်သွင်းပေးခဲ့ ပါတယ်။

Lens အနေနဲ့လည်း ဈေးကွက်မှာ မဖြန့်ချိသေးတဲ့ အခြား M6 တွေမှာ မပါဝင်တဲ့ version တစ်ဆင့်မြင့်တဲ့ မှန်ဘီလူးကို ထည့်သွင်းပေးခဲ့ ပါတယ်။ ထိုင်းဘုရင် ဟာ ဓာတ်ပုံရိုက် အင်မတန် ဝါသနာ ပါသူ တစ်ဦးဖြစ်ပြီး ငယ်စဉ် ကတည်းကလည်း Leica ကင်မရာကို စွဲစွဲမြဲမြဲ အသုံးပြုသူ ဖြစ်ပါတယ်။ အခြား ဂျပန် ကင်မရာ အမှတ်တံဆိပ်တစ်ခုကိုလည်း အသုံးပြုပေမယ့် သူ ခရေဇီ ဖြစ်တာကတော့ Leica ကိုပါ။ ဓာတ်ပုံရိုက် ဝါသနာ ထုံတဲ့ ထိုင်းဘုရင်ဟာ တိုင်းခတ် လှည့်လည်ချိန်မှာလည်း Leica ကင်မရာကို အမြဲဆောင်သွားလေ့ ရှိပါတယ်။

ဒါကိုသိရတဲ့ Leica ဟာ ထိုင်းဘုရင်အတွက် သီးသန့် Leica M6 Rangefinder ကို အကောင်းဆုံးပြုလုပ်ပြီး လက်ဆောင်ပေးခဲ့ ပါတယ်။ Leica ဟာ ဘရူနိုင်းဘုရင်နဲ့ အရှေ့အာရှမှာ စော်ဘွားဘုရင်အချို့အတွက်လည်း Leica M6 ကို ပြုလုပ်လက်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ယင်းထဲမှာ ထိုင်းဘုရင်ဟာ ဓာတ်ပုံရိုက် ဝါသနာ အထုံဆုံး ဖြစ်တာကြောင့် သူ့အတွက်ကို အဆင့်မြင့် Lens ထည့်ပေးခဲ့ ပါတယ်။ သူ့ lens က Summicron-M 1:2.0/50mm ဖြစ်ပါတယ်။ အဲ့ဒီလို lens ကို သာမန် M6 အတွက် ထုတ်လုပ်မပေးထားပါဘူး။ အဲ့ဒီခေတ်အခါမှာ M 1:2.0/5mm ဟာ အတ်ာလေးကို ခေတ်ရှေ့ပြေးနေပါပြီ။ M6 ရဲ့ ထူးခြားချက်ဟာလည်း လျှပ်စစ်အထောက်အကူမလိုပဲ light meter အလုပ်လုပ်ခြင်း ဖြစ်ပါတယ်။

Rumor တစ်ခုအနေနဲ့ ထိုင်းဘုရင်အတွက် ပြုလုပ်ပေးခဲ့တဲ့ Leica M6 ဟာ အမေရိကန်ဒေါ်လာ ၂သိန်းခွဲ ပေါက်ဈေးရှိကြောင်း သတင်းထွက်ခဲ့ပါသေးတယ်။
.
မူရင်း - https://goo.gl/SGk9Eu

အောင်ခမ်း (Leica Lover)



ထိုင်းဘုရင်အတွက် သီးသန့်ထုတ်လုပ် လက်ဆောင်ပေးခဲ့တဲ့ Leica M6

Leica M စီးရီးကို နှစ် ၆၀ ကျော်ခဲ့ပါပြီ။ ယခု ဓာတ်ပုံမှာ ပြထားတာကတော့ Leica M10 ဖြစ်ပြီး နောက်ဆုံးထွက်ထားတဲ့ ဗားရှင်း ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၅၀၀ ဝန်းကျင်ရှိပါတယ်။ ဒါတောင် body ချည်း သက်သက်ကို ပြောတာပါ။ Lens မပါသေးပါဘူး။

Leica M10 ကို ဘယ်လိုလုပ်သလဲ


Horst Faas အမည်ရ ဓာတ်ပုံဆရာဟာ ဂျာမန်နိုင်ငံဖွား ဓာတ်ပုံဆရာ တစ်ဦး ဖြစ်ပြီး Leica ကင်မရာကို စွဲစွဲမြဲမြဲ အသုံးပြုသူ ဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲ ဖြစ်ပွားစဉ် အမေရိကန်စစ်တပ်နဲ့အတူ ရှေ့တန်းတက်လို့ စစ်တွင်း ဓာတ်ပုံများကို ရိုက်ကူးခဲ့ ပါတယ်။ Horst ဟာ ပူဇစ်ဇာဆုကို ၂ ကြိမ်တိုင်တိုင်ရရှိခဲ့ပါတယ်။ Pulitzer ဟာ ကမ္ဘာ့ ဂျာနယ်လစ် ဓာတ်ပုံဆုထဲမှာ အကြီးမားဆုံး ဓာတ်ပုံဆု ဖြစ်ပါတယ်။
War

အမေရိကန်ထိုးစစ် (ဗီယက်နမ်စစ်ပွဲ)


၁၉၂၇ ခုနှစ်တုန်းက Leica I ဆိုပြီးတော့ စထွက်ပေမယ့် အဲ့ဒီမတိုင်ခင် ၁၉၂၃ ခုနှစ်တုန်းက Leica 0 series ထွက်ပါသေးတယ်။ အလုံးရေအားဖြင့် ၂၅ လုံးသာ ထွက်ရှိခဲ့ပြီး Test version အဖြစ်သာ သတ်မှတ်ခဲ့ ပါတယ်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကင်မရာအဖြစ်စံချိန်တင်ထားတဲ့ Leica 0 Series


ဘဝမှာ အလှပဆုံးအချိန်ကတော့ Falling in love နဲ့ Getting married ဖြစ်ပါတယ်။ ကျွန်တော်တို့လို ဓာတ်ပုံဆရာတွေရဲ့ အလုပ်ကလည်း အဲ့ဒီအချိန်အခါတွေကို အလှပဆုံး ဖြစ်အောင် မှတ်တမ်းတင်ပေးခြင်း ဖြစ်ပါတယ်။ အဲ့ဒီလိုနေ့တွေမှာ ကျွန်တော်တို့တွေပိုင်ဆိုင်တာကတော့ အလင်းရောင်ရယ်၊ စုံတွဲရယ်၊ moment တွေရယ် ပြီးရင် ကျွန်တော်တို့ရဲ့ ကင်မရာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပုံကောင်းရဖို့အတွက် အဲ့ဒီအချိန်မှာ အချိန်အခါရွေးလို့မရဘူး။ Background လည်း ရွေးလို့မရပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ် မော်ဒယ်တွေကို ရိုက်ကူးနေခြင်းလည်း မဟုတ်ပါဘူး။ သာမန်လူတွေကို သာမန် ဘဝအစစ်အမှန်မှာ နေချိန်မှာ ရိုက်ကူးယူရခြင်း ဖြစ်ပါတယ်။

အနုပညာမြောက်သော မင်္ဂလာဓာတ်ပုံများ ဘယ်လိုရိုက်ကူးမလဲ






ကျွန်တော်တို့ဟာ Leica ကင်မရာကိုပဲ စွဲလမ်းနှစ်သက်ခြင်း မဟုတ်ပါဘူး။ Leica ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံများကိုလည်း စွဲလမ်းနှစ်သက်ပါတယ်။ Leica ဟာ ဓာတ်ပုံရုပ်ထွက်အရည်အသွေးကောင်းမွန်မှုကြောင့် နာမည်ကြီးလာခြင်းထက် သူ့ရဲ့ ဂန္ဓဝင် မြောက်တဲ့ ဓာတ်ပုံများကြောင့် နာမည်ကြီးလာတယ်ဆိုရင် ပိုမှန် ပါတယ်။ ကမ္ဘာ့ သမိုင်းမှတ်တမ်းတွေကို အများဆုံး မှတ်တမ်း တင်ပေးနိုင်တဲ့ ကင်မရာလည်း ဖြစ်ပါတယ်။ ယင်းနဲ့ ပက်သက်တဲ့ အကြောင်းကို BBC မှ ယခုလို သုံးမိနစ်စာ Documentary ဗီဒီယိုလေး ပြုလုပ်ထား ပါတယ်။

#Leica

Leica သမိုင်းဝင်ဓာတ်ပုံနှင့် ကင်မရာအကြောင်း


၁၉၆၀ ခုနှစ် မတ်လ ၅ ရက်နေ့တုန်းက အသက် ၃၁ နှစ်ရှိတဲ့ လူငယ်တစ်ဦးရဲ့ သမိုင်းဝင် ဓာတ်ပုံ တစ်ပုံ ထွက်ရှိခဲ့ ပါတယ်။ ယင်းဓာတ်ပုံကို Guerrillero Heroico လို့ အမည်ပေးထားပါတယ်။ အင်္ဂလိပ်လိုကတော့ Heroic Guerrilla Fighter လို့အမည်ရပါတယ်။

Guerrillero Heroico ဓာတ်ပုံ ၅၇ နှစ်ပြည့်





Leica M9-P ဟာ ၂၀၁၁ ခုနှစ်နှစ်လယ်မှာ ထွက်ရှိခဲ့တဲ့ Summilux-M 50mm/1.4 lens ကို အသုံးပြုတဲ့ Digital Rangefinder ကင်မရာ ဖြစ်ပါတယ်။

ဒေါ်လာ ငါးသောင်းတန် Leica M9-P Limited Edition ကို ဘယ်လို လုပ်ထားသလဲ


မိုဟာမက် အလီဟာ လက်ဝေ့ပွဲ ၆၁ ပွဲမှာ ၅ ပွဲသာ ရှုံးပြီး ပွဲ ၅၀ကျော် အနိုင်ရ အောင်မြင်ထားတဲ့ ကမ္ဘာ့ အထူးချွန်ဆုံး အားကစား သမားထဲက နာမည်ကြီး ပဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ လက်ဝှေ့ထိုးခြင်း အပြင် နိုင်ငံရေး လှုပ်ရှားစွာ ပါဝင်သူလည်း ဖြစ်ပြီး အမေရိကန် ဗီယက်နမ် စစ်ကို ရှုံ့ချခဲ့သူ ဖြစ်ပါတယ်။ အမေရိကန်မှာ လူဖြူလူမဲ ခွဲခြားမှု ပြင်းထန်နေချိန်မှာ အောင်မြင်ခဲ့တဲ့ လက်ဝှေ့သမား ဖြစ်ပြီး ယခု ဓာတ်ပုံကတော့ ၁၉၆၆ ခုနှစ်တုန်းက ဓာတ်ပုံ တစ်ပုံ ဖြစ်ပါတယ်။

ကမ္ဘာကျော် Portrait ဓာတ်ပုံ - Muhammad-Ali


Leica ကင်မရာကို အသုံးပြုပြီးတော့ ရိုက်ကူးထားတဲ့ ကမ္ဘာကျော် ဓာတ်ပုံတွေထဲမှာ ယခု ဖော်ပြပါ ဓာတ်ပုံလည်း ပါဝင်ပါတယ်။ သူ့ကို The Flag of Victory လို့ အမည်ပေးထား ပါတယ်။ ၁၉၄၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ညက ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ဘာလင်က အထင်ကရ အဆေက်အအုံကြီး တစ်ခုအပေါ် တက်ရောက်လို့ ခက်ခက်ခဲခဲ အလံသွားတင်ခဲ့ကြခြင်း ဖြစ်ပါတယ်။
War

အောင်မြင်မှုအလံ (The Flag of Victory)


 Pulitzer Prize ရရှိဖူးတဲ့ ငိုကြွေးနေတဲ့ ကလေးငယ် ဓာတ်ပုံကို သိကြမှာပါ။ ယင်း ဓာတ်ပုံကို အမေရိကန်မှ ကမ္ဘာကျော် ဓာတ်ပုံဆရာ Nick UT မှ ရိုက်ကူးယူခဲ့တာ ဖြစ်ပါတယ်။ ယင်းဓာတ်ပုံ ရိုက်ကူးဖို့ ဂျာမနီနိုင်ငံထုတ် Leica ကင်မရာကို အသုံးပြုထားတာပါ။

၁၉၇၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်ဦးဆောင်တဲ့ စစ်တပ်ဟာ Trang Bang ဒေသကို စစ်ချီတိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံတွေကြားမှာ သူပုန်များ ပါဝင်နေတာကြောင့် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ ရွာမှာနေထိုင်တဲ့ ကလေးသူငယ်နဲ့ အရပ်သားများကို စစ်ဒဏ်ခံရစေခဲ့ပါတယ်။ ကလေးငယ်လေးဟာဆိုရင် ရေချိုးနေစဉ် ဗုံးကျလာတာကြောင့် ကြောက်လန့်တကြား လမ်းမပေါ် ထွက်ပြေးလာတာ ဖြစ်ပါတယ်။ ယင်း ကလေးမလေးဟာဆိုရင် ယနေ့မှာ အသက် ၅၀ ကျော်ပြီဖြစ်တဲ့ Phan Thi Kim Phuc အမည်ရ အမျိုးသမီး ဖြစ်နေပါပြီ။

သူမဟာ ယနေ့မှာ ကနေဒါမှာ နေထိုင်တဲ့ ကနေဒါ နိုင်ငံသူ တစ်ဦး ဖြစ်ပြီး သူမ အမည်နဲ့ ဖောင်ဒေးရှင်း ပြုလုပ်ကာ စစ်ဓာတ်ခံ လူများကို ကယ်တင် ကူညီတဲ့ လှူဒါန်းမှုများ ပြုလုပ်လျက် ရှိပါတယ်။

ငိုကြွေးနေတဲ့ ဗီယက်နမ် ကလေးငယ်


ဒီဓာတ်ပုံဟာဆိုရင် ၁၉၄၅ ခုနှစ်က ဓာတ်ပုံဆရာ Alfred Eisenstaedt မှ Leica II ကင်မရာနဲ့ ရိုက်ကူးခဲ့တဲ့ အဖြူအမဲ ကာလာ ဓာတ်ပုံ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့ အနမ်းကတော့ ကမ္ဘာကျော် အနမ်း ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ ညနေက ဖြစ်ပါတယ်။

ကမ္ဘာကျော် အနမ်း၏ နောက်ကွယ်