Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo

Leica Q ဟာ Leica ကင်မရာတွေထဲမှာ ဈေးသက်သာတဲ့ ကင်မရာ ဖြစ်ပါတယ်။ သက်သာတယ်ဆိုလို့ ဈေးပေါတယ်မထင်ပါနဲ့။ အမေရိကန်ဒေါ်လာ ၄၂၅၀ တရားဝင် ဈေးနဲ့ ရောင်းချပြီး မြန်မာပြည်မှာဆိုရင်တော့ သိန်း ၇၀ ပေါက်ဈေး ရှိပါတယ်။ သူက lens အသေပါတဲ့ ကင်မရာပါ။ Fixed lens လို့ အလွယ်ခေါ်ပါတယ်။ 24MP full-frame sensor နဲ့ 28mm F1.7 Summilux stabilized lens တို့ကို အသုံးပြုခြင်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဇွန်လက ထွက်ရှိခဲ့ပြီး Lieca ရဲ့ M နဲ့ S စီးရီးတို့နဲ့မတူပဲ သီးခြား ခွဲထွက်လာတာကြောင့် လူကြိုက်များ ရေပန်းစားခဲ့ ပါတယ်။ ယခု ဖော်ပြပါ ဓာတ်ပုံများကတော့ ဓာတ်ပုံဆရာ Riswan Christianto မှ ရိုက်ကူးထားတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။ အဓိက အားသာချက်အနေနဲ့ ကင်မရာဟာ compact ဖြစ်တာကြောင့် မော်ဒယ်ရဲ့ အလှဆုံး ထောင့်နဲ့ အချိန်ကို ရွေးချယ်ရိုက်ကူးဖို့ အင်မတန် လွယ်ကူကြောင်း ဆိုပါတယ်။

Leica Q ကို Photographer အများစုက ခရီးသွား ကင်မရာလို့ အမည်ပေးနေတာကြောင့် ဓာတ်ပုံဆရာ Riswan မှ Leica Q ဟာ Portrait နဲ့ Studio shoot အတွက်လည်း perfect ဖြစ်ကြောင်း ယခုလို ပြသခဲ့ ပါတယ်။

အောင်ခမ်း

Leica Q ဖြင့် ရိုက်ကူးထားသော မော်ဒယ်ဓာတ်ပုံများ

No comments:

Post a Comment