Leica M10 ရဲ့ ထူးခြားချက် အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- 24-megapixel full-frame sensor rangefinder ဖြစ်ပါတယ်။
- M10 တစ်လုံးကို ပြုလုပ်ရန် adjustment အဆင့်ပေါင်း ၅၀ လိုအပ်ပါတယ်။ M10 မှာ အစိတ်အပိုငးပေါင်း ၁၁၀၀ ဝန်းကျင် ပါဝင်ပါတယ်။ ဥပမာ brass အခု ၃၀၊ စခရူ ၁၂၆ လုံး၊ Optical ၁၇ ခု တို့ ပါဝင်ပါတယ်။
- ပလိပ်အပေါ်နဲ့ အောက် သားတို့ဟာဆိုရင် သတ္တုတုံးကနေ ဖြတ်ယူထားပြီး သူ့ကို ပြောင်လက်နေတောင် Polish တိုက်တာချည်းကို မိနစ် ၄၀ ကြာမြင့် ပါတယ်။
- Made in German ဆိုတဲ့ နိုင်ငံရဲ့ အဆင့်အတန်းကို ထိန်းချုပ်ဖို့အတွက်
M10 တင်မကပဲ အခြားသော ဘယ် Leica ကင်မရာမဆို ပြုလုပ်တဲ့အခါ အဆင့်ဆင့် ပညာရှင်များဖြင့် စစ်ဆေးပါတယ်။ ဥပမာ Screw အလုံးရေ ပြည့်မပြည့် ကိုလည်း သေချာ အချိန်ပေး ရေတွက် ပါတယ်။
Leica ရဲ့ ခံယူချက်ကတော့ နည်းပညာတွေ ဘယ်လောက်ပဲ အဆင့်မြင့်အောင် ပြောင်းလဲသွားပါစေ ကင်မရာရဲ့ ပြုလုပ်မှု အနုပညာ၊ အရည်အသွေးထိန်းချုပ်မှု၊ နည်းပညာမြင့်သော်ငြား သဘာဝကျတဲ့ အသွင်အပြင်ကို ထိန်းသိမ်းထားမှုတို့ဖြင့် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ယခု ဓာတ်ပုံများကတော့ ပြုလုပ်တဲ့အခါ အဆင့်ဆ့င် စစ်ဆေးမှု၊ ဆားကစ်ပြားများ စစ်ဆေးမှု၊ ပညာရှင်များ ဒီဇိုင်းဆွဲ ဖန်တီးမှုများ ပါဝင်ပါတယ်။
မူရင်း - https://goo.gl/NjLFF4
No comments:
Post a Comment