ဘဝမှာ အလှပဆုံးအချိန်ကတော့ Falling in love နဲ့ Getting married ဖြစ်ပါတယ်။ ကျွန်တော်တို့လို ဓာတ်ပုံဆရာတွေရဲ့ အလုပ်ကလည်း အဲ့ဒီအချိန်အခါတွေကို အလှပဆုံး ဖြစ်အောင် မှတ်တမ်းတင်ပေးခြင်း ဖြစ်ပါတယ်။ အဲ့ဒီလိုနေ့တွေမှာ ကျွန်တော်တို့တွေပိုင်ဆိုင်တာကတော့ အလင်းရောင်ရယ်၊ စုံတွဲရယ်၊ moment တွေရယ် ပြီးရင် ကျွန်တော်တို့ရဲ့ ကင်မရာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပုံကောင်းရဖို့အတွက် အဲ့ဒီအချိန်မှာ အချိန်အခါရွေးလို့မရဘူး။ Background လည်း ရွေးလို့မရပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ် မော်ဒယ်တွေကို ရိုက်ကူးနေခြင်းလည်း မဟုတ်ပါဘူး။ သာမန်လူတွေကို သာမန် ဘဝအစစ်အမှန်မှာ နေချိန်မှာ ရိုက်ကူးယူရခြင်း ဖြစ်ပါတယ်။
ရရှိတဲ့ အလင်းရောင်နဲ့ အလုပ်လုပ်နေရချိန်မှာ အခန်းထဲမှာ ရှိတဲ့ အလင်းအနည်းငယ်ကိုပဲ ရင်ဆိုင်ရ ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဓာတ်ပုံရိုက်တဲ့အခါ artificial light တွေကို သုံးပြီးတော့ အသွင်အပြင်ကို ပြောင်းလဲ မသွားစေချင်ဘူး။ အဲ့ဒီအရောင်တွေကြောင့် ပုံတွေဟာ သဘာဝမကျတော့ဘူး။ နောက်တစ်ခုက ဧည့်တွေတွေနဲ့ စုံတွဲဟာ ဓာတ်ပုံရိုက်နေတယ် ဆိုတာကို သိနေတဲ့ အသိကြောင့် ပိုလို့တောင် သဘာဝမကျတဲ့ ဓာတ်ပုံများကို ရရှိစေ ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ဟာ ဓာတ်ပုံမရိုက်ခင် အရင်ဆုံး စုံတွဲ၊ ဧည့်သည်နဲ့ မိသားစုများကို ခင်အောင် အရင်လုပ်ပါတယ်။ ဥပမာ ပြုံပြတာမျိုး၊ နှုတ်ဆက်စကား ပြောတာမျိုးပေါ့။ ဒီတော့ သူတို့တွေဟာလည်း relax ဖြစ်လာပြီး သဘာဝကျကျနေတယ်။ ကျွန်တော် ဓာတ်ပုံ ရိုက်တာကို သိနေသည့်တိုင် သူတို့အတွက် အခက်အခဲမဖြစ်တော့ ပါဘူး။ သဘာဝကျကျ ပျော်ရွှင်နေတဲ့ ဓာတ်ပုံများကို လွယ်တကူ ရရှိစေပါတယ်။
လွန်ခဲ့သော လေးနှစ်ကျော်လောက်တည်းက ကျွန်တော်ဟာ Leica ကင်မရာနဲ့ ပစ္စည်းများကို စသုံး ပါတယ်။ Lieca equipment တွေဟာဆိုရင် composition ကောင်းတွေထွက်အောင်လုပ်ပေးတယ်။ right moment တွေကို ဖမ်းယူဖို့အတွက် frame, focus လုပ်ပေးပြီး Shutter button အချိန်ကိုက်နှိပ်နိုင်ဖို့ ထောက်ပံ့ ပါတယ်။ Leica MM (ccd) နဲ့ M (type 240) ကို Noctilux 0.95 နဲ့ Summilux 35mm တပ်လိုက်တဲ့အခါ အဲ့ဒီလို ရလဒ်ကို ပေးပါတယ်။
အစတုန်းကတော့ ကျွန်တော်ဟာ M က EVF ကို အသုံးပြုတဲ့ fan တစ်ယောက် မဟုတ်ခဲ့ ပါဘူး။ ဒါမယ့် အရင်နှစ်ကစလို့ ကျွန်တော်ဟာ viewfinder က magnifying loop ၂ခု ကို အသုံးပြုတဲ့အခါ အခက်အခဲလေးတွေ စတွေ့ရတယ်။ ဒါကြောင့် ကျွန်တော်ဟာ M က Electronic viewfinder ကို ပြောင်းလိုက် ပါတယ်။ အဲ့ဒီဟာ အတော်လေးကောင်ါးပတယ်။ အခုတော့ ကျွန်တော်ဟာ SL, EVF တို့ကို သုံးနေတယ်။ လက်ရှိ ကျွန်တော့ကင်မရာက focus, frame, speed နဲ့ ပုံကောင်း ဖမ်းဖို့အတွက် အတော်လေးအထောက်အကူ ဖြစ်ပါတယ်။ Leica ပစ္စည်းတွေကို သုံးရင်းနဲ့ ကျွန်တော် ကြိုက်လာတာကတော့ သုံးရင်းနဲ့ ဘယ်လိုလေး ကစားရင် ဘယ်လိုပုံကောင်းထွက်တယ်ဆိုတာ ကျွန်တော့ကို တဖြည်းဖြည်း သင်ပေးနေလို့ ဖြစ်ပါတယ်။
ကျွန်တော်ဟာ SL+Noctilux သို့မဟုတ် Summilux 35mm ကို သုံးပြီး ပုံရိုက်ရတာ ကြိုက်တယ်။ ဘာကြောင့်လဲဆို speed မြန်တယ်။ viewfinder clear ဖြစ်ပါတယ်။ နည်းပညာအားဖြင့် SL နဲ့ M တို့ ပေါင်းစပ်တဲ့ အရောင်က အတော်လေး perfect ဖြစ်ပါတယ်။ SL+Noctilux နဲ့ M+Summilux 35mm သို့မဟုတ် MM ပေါ်က Elmarit M 28 mm တို့ကလည်း razor-sharp ဖြစ်တဲ့ ရလဒ်ကို ပေးပါတယ်။
နေ့ခင်းက မင်္ဂလာအချိန်ခါမှာ SL နဲ့ Elmarit 24-90 ကို သုံးပါတယ်။ Reception မှာတော့ Summicron M90mm ကို သုံးရတာ ပိုကြိုက်ပါတယ်။ Flash မလိုသေးတဲ့ အချိန်ဖြစ်ပြီး Focus ကို manual ချိန်တာတို့ အတော်လေး အဆင်ပြေ ပါတယ်။
နေ့ခင်းမှာ flash ကိုချွေတာပြီး evening party အတွက်ထားပါတယ်။ ဘာလို့လဲဆို အဲ့ဒီမှာ artificial light တွေကြား ကစားရမှာမို့ပါ။ ပါတီဓာတ်ပုံတွေအတွက်ကတော့ Elinchrom pro-head quadra ကို သုံးပါတယ်။ ပါတီပြီးခါနီးအချိန်မှာတော့ ဘီယာတစ်ခွက်မော့ပြီး ပင်ပန်းတဲ့ ကျွန်တော့ တစ်နေ့တာကို Dance Floor ပေါ်မှာ ခဏ ပုံအောလိုက်ပါတယ်။ ခြေလှမ်းအနည်းငယ်ရွေ့လျား ကခုန်ပြီး အိမ်မှာ စောင့်နေတဲ့ ကလေးနဲ့ ကျွန်တော့ဇနီးဆီကို ညမိုးမချုပ်ခင် ပြန်ပါတယ်။
ဓာတ်ပုံဆရာ - Jeroen Vandewegh
ဘာသာပြန် - အောင်ခမ်း (Leica Lover)
No comments:
Post a Comment