Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo

၁၉၂၇ ခုနှစ်တုန်းက Leica I ဆိုပြီးတော့ စထွက်ပေမယ့် အဲ့ဒီမတိုင်ခင် ၁၉၂၃ ခုနှစ်တုန်းက Leica 0 series ထွက်ပါသေးတယ်။ အလုံးရေအားဖြင့် ၂၅ လုံးသာ ထွက်ရှိခဲ့ပြီး Test version အဖြစ်သာ သတ်မှတ်ခဲ့ ပါတယ်။

ဒါပေမယ့် test version မှာတင် ဂျာမနီမှာ အင်မတန် လူသိများ၊ လူကြိုက်များခဲ့ ပါတယ်။ နှစ်၁၀၀ ကျော်ပြီဖြစ်တဲ့ ယင်း Leica 0 ကို ဈေးကွက်မှာ မရနိုင်တော့ပါဘူး။ Austria မှာ ၂၀၁၂ ခုနှစ် မေလတုန်းက လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူသူကတော့ အမေရိကန်ဒေါ်လာ ၂.၈သန်း ပေးအပ်ခဲ့ ပါတယ်။ ဒါကြောင့်မို့ သူဟာ ကမ္ဘာပေါ်မှာ ဈေးအများဆုံးဖြင့် ရောင်းချခဲ့ရတဲ့ ကင်မရာအဖြစ် စံချိန်တင်သွား ပါတယ်။ အဲ့ဒီရောင်းချဖြစ်တဲ့ ကင်မရာဟာလည်း အခုချိန်အထိ သုံးလို့ ရနေပါသေးတယ်။

ကမ္ဘာပေါ်မှာ ၂၅ လုံးသာ ရောင်းချခဲ့တဲ့ Leica 0 မှာ တစ်ဝက်လောက်ဟာ လူချမ်းသာများ ဝယ်ယူစုစည်းထားကြကြောင်း ဆိုပါတယ်။

အောင်ခမ်း

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကင်မရာအဖြစ်စံချိန်တင်ထားတဲ့ Leica 0 Series

No comments:

Post a Comment