Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo

Oskar Barnack အမည်ရ ပုဂ္ဂိုလ်ဟာ Leica ရဲ့ ပထမဆုံး ကင်မရာကို တီထွင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ကို 35 mm photography ရဲ့ ဖခင်လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ ယခု ဓာတ်ပုံကို ၁၉၂၀ ခုနှစ်တုန်းက သူကိုယ်တိုင် တီထွင်ထားတဲ့ ကမ္ဘာ့ပထမဆုံး Leica ကင်မရာနဲ့ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

အဲ့တုန်းက ဈေးကွက်မဖြန့်ချိသေးပါဘူး။ Prototype အနေနဲ့ Oskar ဟာ ၁၉၁၄ ခုနှစ်ကစလို့ သူ့ရဲ့ ပထမဆုံး Leica ကင်မရာကို သွားလေရာ သယ်ဆောင်သွားလေ့ ရှိပါတယ်။ ဂျာမနီနိုင်ငံမှာ ဖြစ်ပါတယ်။ ဂျာမနီက ပညာရှင်များဟာ အင်မတန် ခေတ်ရှေ့ပြေးကြောင်းကို ကား အင်ဂျင် သင်္ဘော အင်ဂျင်တွေမှာတင် မကပဲ ကင်မရာ ပညာမှာပါ ပါဝင်ကြောင်း ယင်း ဓာတ်ပုံက သက်သေပြ ပါတယ်။

ယခု ဓာတ်ပုံကို ဂျာမနီနိုင်ငံ Wetzlar မြို့မှာ ၁၉၂၀ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ရေကြီးရေလျှံ ဖြစ်နေတဲ့ အချိန်က ရိုက်ကူးမှတ်တမ်းတင်ခဲ့ခြင်း ဖြစ်ပါတယ်။
.

Ref: Leica

၁၉၂၀ခုနှစ်က ဂျာမနီမှာ ရေကြီးတဲ့ ဓာတ်ပုံ

No comments:

Post a Comment