Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo

Leica ကင်မရာကို အသုံးပြုပြီးတော့ ရိုက်ကူးထားတဲ့ ကမ္ဘာကျော် ဓာတ်ပုံတွေထဲမှာ ယခု ဖော်ပြပါ ဓာတ်ပုံလည်း ပါဝင်ပါတယ်။ သူ့ကို The Flag of Victory လို့ အမည်ပေးထား ပါတယ်။ ၁၉၄၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ညက ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ဘာလင်က အထင်ကရ အဆေက်အအုံကြီး တစ်ခုအပေါ် တက်ရောက်လို့ ခက်ခက်ခဲခဲ အလံသွားတင်ခဲ့ကြခြင်း ဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းက အဆောက်အအုံကို ဂျာမနီ တပ်က ဝန်းရံထားဆဲ ဖြစ်ပါတယ်။ ယင်း အခြေအနေမှာ ဆိုဗီယက်ရဲ့ တပ်မတော် Red Army မှ ရဲဘော် သုံးယောက်က အဆောက်အအုံပေါ် ကြိုးစားတက်ခဲ့ကြ ခြင်း ဖြစ်ပါတယ်။ Red Army ရဲ့ ဓာတ်ပုံဆရာ ဖြစ်သူ Yevgeny Khaldei မှ ရိုက်ကူးခဲ့တဲ့ ဖြစ်ပါတယ်။ သူကိုယ်တိုင်ဟာလည်း ယင်း ဓာတ်ပုံကြောင့်မို့ ကမ္ဘာကျော် ဓာတ်ပုံဆရာ တစ်ဦး ဖြစ်လာပါတယ်။ မေလဆန်းကနေ စလို့ ကမ္ဘာတစ်ဝန်းကနေရေးသားဖော်ပြတဲ့ ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီ ဆိုတဲ့ သတင်းတွေမှာလည်း ယင်း ဓာတ်ပုံကို အဓိကထားလို့ အသုံးပြုခဲ့ကြ ပါတယ်။ Time ကဲ့သို့ မဂ္ဂဇင်းတွေမှာတောင် ပြန်လည် ဖော်ပြခဲ့ကြ ပါတယ်။

ဓာတ်ပုံဆရာ Yevgeny မှာ ယင်းကဲ့သို့ အလားတူ ဓာတ်ပုံများစွာလည်း ရှိပြီး စစ်အတွင်း ရိုက်ကူးတဲ့ ဓာတ်ပုံထဲမှာ ပုံပေါင်း ၂၀ ကျော်ဟာ ကမ္ဘာကျော် ဓာတ်ပုံများ ဖြစ်ခဲ့ပါတယ်။ အထက်ပါ ဖော်ပြပါ Red Army အလှံကို ကိုင်ဆောင်ပြီး တင်နေတဲ့ ဓာတ်ပုံကတော့ Yevgeny ရဲ့ အအောင်မြင်ဆုံး ဓာတ်ပုံ ဖြစ်ပြီး Leica နဲ့ ရိုက်ကူးထားတဲ့ အကောင်းဆုံး ဓာတ်ပုံများထဲမှာလည်း ထိပ်တန်း အဖြစ် ပါဝင် ပါတယ်။

အောင်ခမ်း
War

အောင်မြင်မှုအလံ (The Flag of Victory)

1 comment: