Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo

Horst Faas အမည်ရ ဓာတ်ပုံဆရာဟာ ဂျာမန်နိုင်ငံဖွား ဓာတ်ပုံဆရာ တစ်ဦး ဖြစ်ပြီး Leica ကင်မရာကို စွဲစွဲမြဲမြဲ အသုံးပြုသူ ဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲ ဖြစ်ပွားစဉ် အမေရိကန်စစ်တပ်နဲ့အတူ ရှေ့တန်းတက်လို့ စစ်တွင်း ဓာတ်ပုံများကို ရိုက်ကူးခဲ့ ပါတယ်။ Horst ဟာ ပူဇစ်ဇာဆုကို ၂ ကြိမ်တိုင်တိုင်ရရှိခဲ့ပါတယ်။ Pulitzer ဟာ ကမ္ဘာ့ ဂျာနယ်လစ် ဓာတ်ပုံဆုထဲမှာ အကြီးမားဆုံး ဓာတ်ပုံဆု ဖြစ်ပါတယ်။

ယခု ဓာတ်ပုံကတော့ ၁၉၆၅ ခုနှစ် မတ်လက ဖြစ်ပါတယ်။ တောင်ဗီယက်နမ်ခြေလျင်တပ်ကို အမေရိကန်မှ ထိုးစစ်ဆင်စဉ် အမေရိကန်ဘက်မှ အမေရိကန် စစစ်ရဟတ်ယာဉ်များက မြေပြင်နဲ့အနီးကပ်ပြန်လို့ စက်သေနတ်ဖြင့် ပစ်နေခြင်း ဖြစ်ပါတယ်။ တောင်ဗီယက်နမ်တပ်ရဲ့ ပြောင်မြောက်တဲ့ စစ်ဗျူဟာကြောင့် အမေရိကန်နဲ့ မြောက်ဗီယက်နမ် မဟာမိတ်တပ်တို ပြင်းထန်စွာ စစ်ကျရှုံးနေချိန် စစ်ရဟတ်ယာဉ်များကို အင်အားဖြည့်လို့ ထိုးစစ်ဆင်နေခြင်း ဖြစ်ပါတယ်။ ယင်းဓာတ်ပုံဟာ ကမ္ဘာ့ စစ်သမိုင်းဝင် ဓာတ်ပုံ တစ်ပုံ ဖြစ်ခဲ့ ပါတယ်။ ဓာတ်ပုံ ရိုက်ကူးသူ Horst Faas ကိုလည်း ၁၉၇၀ ကျော်နောင်းပိုင်းမှာ AP ကနေပြီးတော့ အရှေ့တောင်အာရှရဲ့ ဦးဆောင် ဓာတ်ပုံဆရာ အဖြစ် ခန့်အပ်ခဲ့ ပါတယ်။ နောက်ထပ် ဆုရဓာတ်ပုံကိုတော့ ဘင်္ဂလားဒေ့ရှ် ပြည်တွင်း ပဋိပက္ခ မှာ သွားရောက် ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။

ဗီယက်နမ်စစ်ပွဲကာလမှာ ပြေးလွှားနေတဲ့ ကလေးငယ်၊ သေနတ်ဖြင့် ပစ်ခံနေရတဲ့ အရပ်သား ဓာတ်ပုံနဲ့ ယခု အမေရိကန် ထိုးစစ်ဓာတ်ပုံတို့ဟာ နာမည်အကြီးဆုံး ဓာတ်ပုံများ ဖြစ်ပါတယ်။ ဗီယက်နမ်ရဲများ ဗီယက်နမ်အရပ်သား အကျဉ်းသား တစ်ဦးကို ပစ်သတ်နေတဲ့ ဓာတ်ပုံဆရာဟာလည်း Horst ရဲ့ ဝန်ထမ်း ဓာတ်ပုံဆရာ ဖြစ်ပြီး Horst ရဲ့ ညွန်ကြားမှုနဲ့ ရရှိခဲ့ ပါတယ်။

အောင်ခမ်း
War

အမေရိကန်ထိုးစစ် (ဗီယက်နမ်စစ်ပွဲ)

No comments:

Post a Comment