Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo

၁၉၆၀ ခုနှစ် မတ်လ ၅ ရက်နေ့တုန်းက အသက် ၃၁ နှစ်ရှိတဲ့ လူငယ်တစ်ဦးရဲ့ သမိုင်းဝင် ဓာတ်ပုံ တစ်ပုံ ထွက်ရှိခဲ့ ပါတယ်။ ယင်းဓာတ်ပုံကို Guerrillero Heroico လို့ အမည်ပေးထားပါတယ်။ အင်္ဂလိပ်လိုကတော့ Heroic Guerrilla Fighter လို့အမည်ရပါတယ်။

Guerrilla ဆိုတာ အုပ်စုငယ်၊ အဖွဲ့ငယ်၊ လူနည်းစုကို ညွန်းဆိုတဲ့ လူသိနည်း အင်္ဂလိပ်စာ အသုံးအနှုန်း တစ်ခု ဖြစ်ပါတယ်။ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ Che Guevara လို့အမည်ရတဲ့ ကျူးဘားတော်လှန်ရေး ခေါင်းဆောင် လူငယ် ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ကျူးဘားနိုင်ငံသားတစ်ယောက် မဟုတ်ပါဘူး။ အာဂျင်တီးနားနိုင်ငံဖွား အာဂျင်တီးနားနိုင်ငံသား ဖြစ်ပါတယ်။ ဒါကို လူသိနည်းကြ ပါတယ်။ သူ့ရဲ့ ထူးခြားချက်များကို အချက်ဖြင့် ရေးရမယ် ဆိုရင် -

- အသက် ၁၂ နှစ်သားကတည်းက အာဂျင်တီးနားနိုင်ငံမှာ နာမည်ကြီးတဲ့ စစ်တုရင် ကစားသမား တစ်ဦး ဖြစ်ပါတယ်။
- သူဟာ ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။
- တောင်အမေရိကတိုက်ကို ဆိုင်ကယ်ဖြင့် ခရီးနှင်ခဲ့ ပါတယ်။
- တောင်အမေရိကန်နိုင်ငံအချို့မှာ ဆေးကုသွားခဲ့ပါတယ်။
- သူဟာ အမေရိကန်ရဲ့ Capitalism လို့ခေါ်တဲ့ နိုင်ငံသေးများကို ဝါးမြိုပြီး သိမ်းသွင်းတဲ့ နိုင်ငံရေး ဗျူဟာကို မုန်းတီးသူ ဖြစ်ပါတယ်။
- သူဟာ ကျူးဘားရဲ့ တော်လှန်ရေး ခေါင်းဆောင် ဖစ်ဒယ်ကတ်စထရိုနဲ့ တစ်ညတာ တွေ့ဆုံ စကားပြောဆိုပြီး ကျူးဘားရဲ့ အာဏာရှင်ကို ဖြုတ်ချဖို့အတွက် ကတ်စထရိုနဲ့ ပူးပေါင်းခဲ့ ပါတယ်။
- တော်လှန်ရေး ကာလပြီးသွားသည့်တိုင် ကျူးဘားမှာ စစ်တပ်ရဲ့ ခေါင်းဆောင် တစ်နေရာ ယူပြီး၊ ကျူးဘား အမျိုးသား ဘဏ်ကိုလည်း ဦးဆောင် ညွန်ကြားခဲ့ ပါသေးတယ်။
- ချီ ဂွီဗားရား ဟာ စာရေးဆရာ၊ ကဗျာဆရာ၊ ဆရာဝန်၊ တော်လှန်ရေးသမား၊ သူပုန်ခေါင်းဆောင်၊ အတွေးအခေါ် ပညာရှင် အစရှိသဖြင့် ဂုဏ်ပုဒ်ပေါင်း များစွာကို ပိုင်ဆိုင်ထား ပါတယ်။
- အာဏာရှင်ဖြုတ်ချရေးလုပ်ဆော်ငချက်တုန်းက တစ်ဖက်ရန်သူများကို အဖွဲ့လိုက် ပစ်သတ် သတ်ဖြတ်မှုများကိုလည်း အမိန့်ပေးခဲ့တဲ့ ရက်စက်သူလည်း ဖြစ်ပါတယ်။
-ချီဂွီဗားရား ဟာ အသက် ၃၉ နှစ် ( အေက်တိုဘာလ ၉ ရက်၊ ၁၉၆၉) မှာ လုပ်ကြံ အသတ်ဖြတ်ခံခဲ့ရ ပါတယ်။
-ချီဂွီ ဟာ ဗိုလီဗီးရားကို ရောက်ရှိစဉ် CIA ရဲ့ ညွန်ကြားချက်နဲ့ ဗိုလီဗီးယား စစ်သားတို့ရဲ့ ဖမ်းဆီး ခြင်းကို ခံရပြီး တရားစစ်ဆေးခြင်း မရှိ အပစ်သတ်ခံခဲ့ရ ပါတယ်။

ယခု ဓာတ်ပုံဟာ တော်လှန်ရေးကို ဆာလောင်ပြီး စိတ်ဓာတ်ပြင်းထန်တဲ့ ခေါင်းဆောင်တစ်ဦးရဲ့ အသွင်အပြင်ကို ဖော်ပြပါတယ်။ သူ့ရဲ့ ဒေါသ၊ နာကျင်မှုတွေကို မြင်ရမှာပါ။ မတ်လ ၅ ရက်နေ့က CIA ရဲ့ ဗုံးဖောက်ခွဲမှု တစ်ခုကြောင့် ချီတက်ရန် သွားနေစဉ် သူ့ရဲ့ ဓာတ်ပုံဆရာ Alberto Korda မှ ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ Alberto Korda ကျူးဘားနိုင်ငံဖွား ဓာတ်ပုံဆရာ ဖြစ်ပြီး တော်လှန်ရေးဟာ ချီဂွီဗားရားကို ဓာတ်ပုံရိုက်ပေးတဲ့ တော်လှန်ရေး အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

ဒီဓာတ်ပုံကို Leica M2 90mm ကင်မရာနဲ့ ရိုက်ကူးခဲ့ပြီး ဖြစ်ပြီး ကမ္ဘာပေါ်မှာ ပြနလည် ထုတ်ဝေမှု အများဆုံး ဓာတ်ပုံအဖြစ် စံချိန်တင်ထားပါတယ်။ ၁၉၆၅ နောက်ပိုင်းမှာ အရောင်ထည့်တဲ့ edited ဗားရှင်းများလည်း ထွက်ရှိခဲ့ ပါတယ်။ Guerrillero Heroico ဓာတ်ပုံကို အင်္ကျီ၊ စာအုပ်၊ သီချင်း၊ ရုပ်ရှင်၊ တက်တူး အစရှိသဖြင့် နေရာပေါင်းစုံမှ မြင်တွေ့နိုင်ပြီး ဓာတ်ပုံဆရာ Alberto ဟာ ဒီအတွက် အခကြေးငွေ လုံးဝမယူခဲ့ ပါဘူး။ သူဟာ ချီဂွီကို လေးစား အားကျသူ တစ်ဦးဖြစ်ပြီး ယင်း ဓာတ်ပုံဟာ အာဏာရှင်ကို တော်လှန်ပြီး Capitalism ကို တော်လှန်တဲ့ ခေါင်းဆောင်တစ်ဦးရဲ့ အမှတ်အသားကို ပေါ်လွင်စေတာကြောင့် ပြန်လည်ထုတ်ဝေခြင်းများကိုတောင် သူဟာ အားပေးပါသေးတယ်။ ဒါပေမယ့် ဘီယာ အမှတ်တံဆိပ်တစ်ခုဟာ ယင်း ဓာတ်ပုံကို အသုံးပြုတဲ့အခါတော့ တရားစွဲခဲ့ပြီး ရရှိခဲ့တဲ့ လျော်ကြေးငွေတွေကို ကျူးဘားရဲ့ ကျန်းမာရေး ဌာနသို့ လှူဒါန်းခဲ့ ပါတယ်။ ချီဂွီဗားရားသာ ရှိသေးရင်လည်း Alberto လုပ်သလိုပဲ လုပ်မှာဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာလည်း ဖြေခဲ့ပါတယ်။ Leica ကင်မရာကို စွဲစွဲလမ်းလမ်းနှစ်ခြိုက် အသုံးပြုတဲ့ ကမ္ဘာကျော် ဓာတ်ပုံဆရာ Alberto ကတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ၂၀၀၁ ခုနှစ် မေ ၂၅က အသက် ၇၂ နှစ်မှာ ကွယ်လွန်ခဲ့ ပါတယ်။

အောင်ခမ်း (Leica Lover)

Guerrillero Heroico ဓာတ်ပုံ ၅၇ နှစ်ပြည့်

No comments:

Post a Comment