Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo

Leica ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် နာရီကို ၂၀၁၄ ခုနှစ် မေလ က ရောင်းချခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာမှ အလုံးရေ ၁၀၀ သာ ရောင်းချပြီး တစ်လုံး တစ်လုံးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ သောင်း ရှိပါတယ်။ Valbray EL1 limited edition လို့အမည်ပေးထားတဲ့ နာရီ ဖြစ်ပါတယ်။ Valbray ဟာ ဆွစ်ဇာလန်နိုင်ငံ အခြေဆိုက် နာရီ ကုမ္ပဏီ ဖြစ်ပါတယ်။

Material အနေနဲ့ Titanium grade 5 ကို black DLC coating နဲ့ အသုံးပြုထား ပါတယ်။ နာရီအရွယ်ကတော့ 46 mm bezel diameter ဖြစ်တာကြောင့် အမျိုးသားများအတွက် ပိုမို သင့်တော်တဲ့ နာရီ ဖြစ်ပါတယ်။ Rotating bezel ပေါ်မှာ 16-blade shutter ကို ထည့်သွင်းထားပါတယ်။ ကင်မရာရဲ့ Shutter နဲ့ တူအောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။

အော်တို နာရီ ဖြစ်ပြီး Mechanical auto-winding Swiss chronograph movement ဖြစ်ပါတယ်။ အဖိုးတော် ကျောက် ၂၅ လုံး ပါဝင်ပါတယ်။ 44 နာရီစာ power reserve ပါဝင်ပါတယ်။ Water resistance ကတော့ 5 ATM ပါပဲ။ Dail ကတော့ Multi – layered with a honeycomb grid ဖြစပါတယ်။ Sapphire crystal ကို cover နဲ့ case back တို့မှာ သုံးထား ပါတယ်။ အဆင့်မြင့် သားရေသားအစစ်နဲ့ ကြိုးပြုလုပ်ထားပါတယ်။ အခြား စတီးကြိုး သုံးချင်သူများအတွက်လည်း Limited edition များ ရှိပါတယ်။

ယင်း အလုံးရေ ၁၀၀ ကို ရောင်းချပြီး ဖြစ်ပါတယ်။ eBay ပေါ်မှာတော့ တစ်ပတ်ရစ် အနေနဲ့ သုံးပြီးသူ အချို့က ပြန်ရောင်းတာ ရှိပါတယ်။ ဒါပေမယ့် ဈေးက ကျမသွားပဲ ပိုလို့တောင် များနေပါတယ်။

Leica နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် နာရီ

No comments:

Post a Comment