Workshop ကြေးငွေကတော့ တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၆၉၉၅ ကုန်ကျပါတယ်။ မြန်မာတွေအနေနဲ့ဆိုရင် အတော်လေး ဈေးကြီးကောင်း ကြီးပါလိမ့်မယ်။ သင်ပေးတဲ့ ဆရာကတော့ Leica ကုမ္ပဏီမှ အသိအမှတ်ပြုထားတဲ့ Leica အထူးပြု ဓာတ်ပုံဆရာ Craig Semetko ဖြစ်ပါတယ်။ သူနဲ့အတူ ခရီးသွားရမှာ ဖြစ်ပြီး ခရီးစဉ်အသေးစိတ်တော့ မသိရသေးပါဘူး။ ရန်ကုန်၊ ပုဂံ၊ အင်းလေး တို့ကတော့ ကြိမ်းသေ ပါဝင်မှာ ဖြစ်ပါတယ်။ EXPLORE THE MAJESTY OF BURMA WITH THE LEICA AKADEMIE USA လို့ အမည်ပေးထားပါတယ်။
မြန်မာကို သူတို့ အမြင်နဲ့ ဖော်ပြထားတာ အတော်လေး ထူးခြားပါတယ်။ ကမ္ဘာပေါ်မှာ သွားလည်ချင်စရာအကောင်းဆုံး တိုင်းပြည်ထဲက တစ်ခုလို့ မှတ်ချက်ပေးထားပါတယ်။ ရိုးရာအတိုင်း စပါးစိုက်ပျိုးရိတ်သိမ်းနေကြဆဲ ဖြစ်ပေမယ့် သူတို့ သားသမီးတွေဟာ Computer Science ကို လေ့လာကြောင်းလည်း ဖော်ပြထားပါတယ်။ မြန်မာ Monk များဟာ ဘုရားရှင်တော် ခေတ်ကတည်းက အတိုင်းပဲ ဝတ်စားနေကြဆဲ ဖြစ်ပြီး စမတ်ဖုန်းတွေကိုတော့ အသုံးပြုနေပြီဖြစ်ကြောင်းလည်း ချစ်စဖွယ်ရေးသား ဖော်ပြထားပါတယ်။ နိုင်ငံတကာအတွက်ကတော့ မြန်မာပြည်ဟာ အင်မတန်ကို စိတ်ဝင်တစား လေ့လာချင်စရာ ခရီးတစ်ခု ဖြစ်နေပါတယ်။
Destination Burma 2017 လို့အမည်ပေးထားတဲ့ Workshop မှာ ပါဝင်ပြီး ခရီးအတူသွား Leica ကင်မရာနဲ့ ဓာတ်ပုံရိုက်ကူးချင်တယ်ဆိုရင်တော့ http://leicaakademieusa.com/destination-burma-2017/ မှာ စာရင်းသွင်းရမှာ ဖြစ်ပါတယ်။ ခရီးမှာ ပါဝင်သူအတွက် ကင်မရာတော့ ထောက်ပံ့ထားပေးခြင်းမရှိပါဘူး။ Leica ကင်မရာ ပိုင်ဆိုင်ထားသူများအတွက်သာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ကတော့ ၁၇ ရက်နေ့အထိ ခရီးကြာမြင့်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment