Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo

မိုဟာမက် အလီဟာ လက်ဝေ့ပွဲ ၆၁ ပွဲမှာ ၅ ပွဲသာ ရှုံးပြီး ပွဲ ၅၀ကျော် အနိုင်ရ အောင်မြင်ထားတဲ့ ကမ္ဘာ့ အထူးချွန်ဆုံး အားကစား သမားထဲက နာမည်ကြီး ပဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ လက်ဝှေ့ထိုးခြင်း အပြင် နိုင်ငံရေး လှုပ်ရှားစွာ ပါဝင်သူလည်း ဖြစ်ပြီး အမေရိကန် ဗီယက်နမ် စစ်ကို ရှုံ့ချခဲ့သူ ဖြစ်ပါတယ်။ အမေရိကန်မှာ လူဖြူလူမဲ ခွဲခြားမှု ပြင်းထန်နေချိန်မှာ အောင်မြင်ခဲ့တဲ့ လက်ဝှေ့သမား ဖြစ်ပြီး ယခု ဓာတ်ပုံကတော့ ၁၉၆၆ ခုနှစ်တုန်းက ဓာတ်ပုံ တစ်ပုံ ဖြစ်ပါတယ်။

မိုဟာမက်အနေနဲ့ လန်ဒန်မှာ လက်ဝှေ့ထိုးဖို့ ရောက်ရှိစဉ် ဓာတ်ပုံဆရာ Thomas Hoepker မှ Portrait ဓာတ်ပုံ ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ Leica ကင်မရာကို အသုံးပြုပြီး ရိုက်ကူးတဲ့ ဓာတ်ပုံထဲမှာ ယင်း ဓာတ်ပုံဟာလည်း အောင်မြင် လူသိများတဲ့ ဓာတ်ပုံ တစ်ပုံ ဖြစ်ခဲ့ ပါတယ်။ ကနဦး Portrait ရေပန်းစားခဲ့တဲ့ ခေတ်မှာ ရှုထောင့် အမြင်တစ်မျိုး ပေးစွမ်းနိုင်တဲ့ ဓာတ်ပုံ တစ်ပုံ ဖြစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

မိုဟာမက်ကတော့ ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၀ ကျော်မှာ အာရုံကြော ဆိုင်ရာ ဝေဒနာ တစခုနဲ့ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။

ကမ္ဘာကျော် Portrait ဓာတ်ပုံ - Muhammad-Ali

No comments:

Post a Comment