၁၉၈၆ ခုနှစ်တုန်း ကဗြိတိန်ဘုရင်မ အယ်လီဇဘတ်-၂ ရဲ့ အသက် ၆၀ ပြည့်တဲ့ မွေးနေ့ အနေနဲ့ ဂျာမနီအခြေဆိုက် Leica ကုမ္ပဏီဟာ Leica M3 ကင်မရာ တစ်လုံးကို သေချာ ပြုလုပ်လက်ဆောင်ပေးခဲ့ ပါတယ်။ အခြား ဘုရင်တွေဟာ ရွှေကွတ်တာကြိုက်ပေမယ့် ဘုရင်မကြီး အယ်လီဇဘတ်ကတော့ ရွှေတစ်လက်လက်နဲ့ သုံးရတာမကြိုက်တာကြောင့် ရွှေတော့ ကွတ်မပေးခဲ့ ပါဘူး။
ဒါပေမယ့် M3 မှာ သုံးခဲ့တဲ့ သတ္တုကိုယ်ထည်လို့ မှန်ဘီလူးတို့ဟာ ဈေးကွက်ကို မရောက်ရှိတဲ့ အမျိုးအစားများ ဖြစ်ကြောင်း ဆိုပါတယ်။ အဲ့ဒီနောက်ပိုင်း Leica အနေနဲ့ ဘုရင်မကို ကင်မရာလက်ဆောင် ဆက်ပေးမပေး မသိတော့ပါဘူး။ ဘုရင်မ အနေနဲ့လည်း အသက်ကြီးလာပြီ ဖြစ်တာကြောင့် သူမအနေနဲ့ ဓာတ်ပုံ ရိုက်တဲ့ ဝါသနာအထုံကို သိပ်ပြီး အသုံးမချတော့ ပါဘူး။
သင်သိပါသလား။ ကမ္ဘာပေါ်မှာ နိုင်ငံကူးလက်မှတ် မပါပဲ သွားလာလို့ ရတဲ့ လူသားမှာ ဗြိတိန်ဘုရင်မကြီး တစ်ဦးသာ ရှိပြီး သူဟာ ကမ္ဘာပေါ်က ဘယ်တိုင်းပြည်ကိုမဆို နိုင်ငံကူးလက်မှတ်မပါပဲ သွားလာခွင့် ရှိပါတယ်။ :)
Ref: anothermag
အောင်ခမ်း (Leica Lover)
No comments:
Post a Comment