Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo

လူတွေက ပြောကြတယ်။ အိမ်ထောင်ကျပြီးသွားတဲ့အခါ မိန်းကလေးပဲ ဖြစ်ဖြစ် ယောင်္ကျားလေးပဲ ဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်းတွေအပေါ် အချစ်ပေါ့သွားတယ်တဲ့။ ကျွန်မအတွက်ကတော့ အဲ့ဒီအယူအဆဟာ မှားပါတယ်။

တက္ကသိုလ်စတက်ကတည်းက အတူတူပေါင်းလာတဲ့ Jessie, Yang Yang နဲ့ Caty တို့ကို ကျမ ယနေ့တိုင်အထိ ချစ်ဆဲပဲ။ မိသားစုကြောင့်၊ အလုပ်ကြောင့် သူတို့နဲ့တွေ့တဲ့အချိန် နည်းသွားတာက လွဲလို့ အချစ်တွေ ပေါ့မသွားဘူး။ ကျမ အိမ်ထောင်ဘက်ကောင်းရဖို့အတွက် ကူညီထောက်ပံ့ အကြံဥာဏ်ပေးသူတွေဟာလည်း သူတို့တွေ ဖြစ်တယ်။ ကျွန်မလည်း သူတို့တစ်ယောက်တိုင်းစီကို အကြံအဥာဏ်လည်း ပြန်ပေးဖြစ်တယ်။

လောလောဆယ် သူငယ်ချင်းအဖွဲ့မှာ ကျမ အိမ်ထောင်အရင်ကျတယ်။ သူတို့အားလုံး ကူညီထောက်ပံ့ပေးတဲ့ မင်္ဂလာဆောင်နေ့ရက်လေးဟာလည်း ထာဝရ အမှတ်တရ တစ်ခုပါပဲ။ ကျမရဲ့ သူငယ်ချင်း ၃ ယောက်ဟာ ကျမအတွက် ဒုတိယ မိသားစုတစ်ခုပါပဲ။

#leica #leicasl #summilux50 #leicaphotos #leica_world

Photo taken by Blue Fish photography
Camera - LeicaSL with Summilux50 Lens

ကျမအတွက် ဒုတိယ မိသားဟု သို့မဟုတ် ချစ်သော သူငယ်ချင်းများ

No comments:

Post a Comment