Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo

Leica ဟာ ကင်မရာထုတ်လုပ်တဲ့ စက်ရုံကို ဂျာမနီမှာအပြင် ဥရောပ နိုင်ငံအချို့မှာ ထားရှိထားပါတယ်။ ဝန်ထမ်းအင်အား ၁၆၀၀ ကျော်ရှိပြီး လက်ရှိမှာ Revenue ယူရိုသန်း ၃၆၅ သန်း ရှိတဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။

၎င်းတို့ရဲ့ စက်ရုံငယ်တစ်ခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းမီဒီယာများကို ခေါ်လို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးခဲ့ပြီး ဓာတ်ပုံမှတ်တမ်းအချိ့ကို Peter Wolf မှ ယခုလို မှတ်တမ်းတင်ခဲ့ ပါတယ်။ Leica စက်ရုံနောက်ထပ် တည်ဆောက်ရန် တိုးချဲ့မှုအတွက် သတင်းစာ ရှင်းလင်းပွဲဖြစ်ပြီး စက်ရုံထဲကို သတင်းမီဒီယာများကို ယခုလို ဝင်ခွင့် ပေးခဲ့ ပါတယ်။ ဒါပေမယ့် မှန်လုံခန်းထဲမှာ အလုပ်လုပ်နေတဲ့ Leica ဝန်ထမ်းများဆီတော့ သွားခွင့် မပေးခဲ့ ပါဘူး။

စက်ရုံမှာ Leica ပထမဦးဆုံး ထုတ်လုပ်ခဲ့တဲ့ ကင်မရာ တစ်လုံးကိုလည်း မှန်ဘောင်ထဲ ထည့်သွင်းပြီး ပြသထားပါတယ်။ ယင်း ကင်မရာရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ သန်းမက ရှိနေပြီ ဖြစ်ပါတယ်။
.
Leica News

Leica ရဲ့ ကင်မရာ စက်ရုံတစ်ခု

No comments:

Post a Comment