Huawei P10 နဲ့ P10 Plus ဟာ တကယ်ပဲ Leica အရသာ ပေးမပေးကို ကျွန်တော်တို့ ကိုယ်တိုင် ရိုက်ကူးစမ်းသပ်ကြည့်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီမှာ ပြသထားတဲ့ ဓာတ်ပုံများကတော့ အများစုမှာ ဓာတ်ပုံဆရာ ဆရာ ကို Thi Ha ရဲ့ Landscape ပုံနဲ့ ဘုရားပုံတို့ကတော့ ဆရာ ကို Minzayar Oo နဲ့ YAN News တို့ရဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။ Portrait နဲ့ Landscape ဓာတ်ပုံများ တွဲပြရခြင်းအကြောင်းကတော့ P10/ P10 Plus တို့ဟာ ကင်မရာ သမား တစ်ယောက်ရဲ့ လိုအပ်တဲ့ ဘက်ပေါင်းစုံ အရည်အသွေးကို ပေးနိုင်မပေးနိုင်ကို ပြသချင်လို့ ဖြစ်ပါတယ်။
ကင်မရာကတော့ 20MP RGB မှန်ဘီလူးနဲ့ 12MP Monochrome မှန်ဘီလူးတို့ကို အသုံးပြုထားပါတယ်။ P10 Plus မှာ ပါတဲ့ မှန်ဘီလူးက Summilux-H 1:1.8/27 ဖြစ်ပြီး P10 ကတော့ Summilux-H 1:1.2/27 ဖြစ်ပါတယ်။ Leica က သီးသန့်ထုတ်တဲ့ aspheric မှန်ဘီလူးတွေပါ။ အပြင်မှာ သီးသန့်ဝယ်လို့မရပါဘူး။ ထူးခြားချက်ကတော့ အနုပညာဆန်ဆန် ရိုက်ကူးမှုအတွက် အတော်လေး supportive ဖြစ်ပါတယ်။ Leica ကင်မရာရဲ့ Manual Mode အရသာကို ခံစားလို့ရအောင်လည်း သူ့မှာ Manual mode ပါဝင်ပါတယ်။ Zoom ၂ ဆ ရပါတယ်။ အရည်အသွေးကျမသွားပါဘူး။ ပုံတစ်ပုံ တစ်ပုံရဲ့ size က 2 MB ကနေ 6MB အထိ ရှိနိုင်ပါတယ်။
အရှေ့ကင်မရာကလည်း 8MP ဖြစ်ပြီး f1.9 ရှိတဲ့ Leica မှန်ဘီလူးပါပဲ။ Leica အရာသာ အရောင် ခပ်စိုစို ပုံလေး ရပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ နောက်ကျောက Leica မှန်ဘီလူး နှစ်ခုကို အတော်လေး ကြိုက်ပါတယ်။ Black and White ကော၊ RGB ကော ရိုက်ရတာ အတော်လေး အရသာ ရှိပြီး Manual mode မှာ ISO, EV, AF, AWB တို့ကို စိတ်ကြိုက် ချန်နိုင်တာကို အတော်လေး သဘောတွေ့ပါတယ်။ Portrait ရိုက်ဖို့ အကောင်းဆုံး စမတ်ဖုန်း တစ်ခုလို့ မှတ်ချက်ပေးချင်ပါတယ်။
Leica Lovers
No comments:
Post a Comment