Story Behind Leica Photo

Story Behind Leica Photo

Story Behind Leica Photo

ကျွန်တော်တို့ဟာ လောကမှာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေကြပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ ထူးထူးချွန်ချွန်နဲ့ ချွန်ထွက်အောင်လည်း ကြိုးစားကြရ ပါတယ်။ ဒီ concept ဟာ ကျွန်တော်တို့ ဓာတ်ပုံဆရာ လောကမှာလည်း အတူတူပါပဲ။ Portrait ၊ ဖက်ရှင် ဓာတ်ပုံဆရာ သမား အများစုဟာ DSLR သို့မဟုတ် medium format ကင်မရာ တစ်ခုခုကို အသုံးပြု ပါတယ်။ ရလဒ်ကောင်းတွေလည်း ထွက်ပါတယ်။ ကျွန်တော်ကတော့ ဒီထက် ကောင်းတာ ဘာရမလဲလို့ အဖြေရှာတယ်။

ဘယ်လို အရသာ အသစ်တွေ ထည့်ပေါင်းပေးလို့ ရသလဲပေါ့။ ကျွန်တော့အတွက် အဖြေကတော့ Leica M9 ဖြစ်ပါတယ်။ သူက ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး နဲ့ နာမည်အကြီးဆုံး rangefinder ကင်မရာလို့ ခေါ်ရင်လည်း မမှားပါဘူး။ သေချာ သုံးတတ်မယ်ဆိုရင် သူဟာ Portrait နဲ့ ဖက်ရှင်အတွက် အကောင်းဆုံး ပါပဲ။ သူ့ကို Ferrari ကားနဲ့ အမြဲ နှိုင်းယှဉ်မိတယ်။ ခရီး ပန်းတိုင် တစ်ခုကို Honda Accord နဲ့လည်း သွားလို့ရတယ်။ ဒါပေမယ့် Ferrari နဲ့ သွားချင်တယ်။ ဘာကြောင့်လဲ။ Speed အရကော၊ Driving experience အရကော အင်မတန် ကွာခြားလို့ပါ။ န

Leica M9 ရဲ့ Manual Focus အရသာ ဘာနဲ့မှ မတူပါဘူး။ သူ့ကို သုံးတတ်သွားပြီ ဆိုရင် shooting experience က Ferrari စီးရသလိုပါပဲ။ GQ Magazine အတွက် ကျွန်တော် ကာဗာပုံ ရိုက်ထားတဲ့ ဓာတ်ပုံ အချို့ပါ။ အချို့ပုံက အတော်လေး အမြင်မတင့်တာမို့မပြတော့ ပါဘူး။ ဒီအတွက် 35mm Color Skopar F/2.5 Voigtlander နဲ့ 50mm f2 Carl Zeiss Planar T*ZM ကို အသုံးထား ပါတယ်။

ကျွန်တော် ဓာတ်ပုံရိုက်နေတုန်း စတူဒီယိုကို အသက် ၇၀ ကျော် မိတ်ဆွေအဖိုးတစ်ယောက် လာလည်ပါတယ်။ သူလည်း ကြည့်ချင်လို့ နေမှာပေါ့။ ကင်မရာပြောပါတယ်။ ဒါနဲ့ မင်း ဘာကင်မရာ သုံးနေတာလဲတဲ့။ Leica M9 လို့ ပြောလိုက်တော့ သူက အံ့သြပြီး ပြန်မေးတယ်။ Leica က ခုချိန်အထိ ကင်မရာ ထုတ်နေတုန်းလားတဲ့။ ကျွန်တော်လည်း ပြန်ဖြေလိုက်ပါတယ်။

"ဟုတ်တယ် အဘရေ။ အရင်ကလိုပဲ ထုတ်ဆဲပဲ။ Leica ရဲ့ အရသာကလည်း အဘတို့ခေတ်ကလို ကောင်းဆဲပဲ" လို့..။

မူရင်းဆောင်းပါး - http://www.stevehuffphoto.com/2012/07/07/uncensored-sexy-with-leica-m9-by-vali-barbulescu/

ဘာသာပြန် - အောင်ခမ်း

#leicalover #leica

Leica M9 နဲ့ Sexy ပုံ ရိုက်ရတဲ့ ခံစားချက်

No comments:

Post a Comment