မိုဟာမက် အလီဟာ လက်ဝေ့ပွဲ ၆၁ ပွဲမှာ ၅ ပွဲသာ ရှုံးပြီး ပွဲ ၅၀ကျော် အနိုင်ရ အောင်မြင်ထားတဲ့ ကမ္ဘာ့ အထူးချွန်ဆုံး အားကစား သမားထဲက နာမည်ကြီး ပဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ လက်ဝှေ့ထိုးခြင်း အပြင် နိုင်ငံရေး လှုပ်ရှားစွာ ပါဝင်သူလည်း ဖြစ်ပြီး အမေရိကန် ဗီယက်နမ် စစ်ကို ရှုံ့ချခဲ့သူ ဖြစ်ပါတယ်။ အမေရိကန်မှာ လူဖြူလူမဲ ခွဲခြားမှု ပြင်းထန်နေချိန်မှာ အောင်မြင်ခဲ့တဲ့ လက်ဝှေ့သမား ဖြစ်ပြီး ယခု ဓာတ်ပုံကတော့ ၁၉၆၆ ခုနှစ်တုန်းက ဓာတ်ပုံ တစ်ပုံ ဖြစ်ပါတယ်။
ကမ္ဘာကျော် Portrait ဓာတ်ပုံ - Muhammad-Ali
By Unknown
Leica ကင်မရာကို အသုံးပြုပြီးတော့ ရိုက်ကူးထားတဲ့ ကမ္ဘာကျော် ဓာတ်ပုံတွေထဲမှာ ယခု ဖော်ပြပါ ဓာတ်ပုံလည်း ပါဝင်ပါတယ်။ သူ့ကို The Flag of Victory လို့ အမည်ပေးထား ပါတယ်။ ၁၉၄၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ညက ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ဘာလင်က အထင်ကရ အဆေက်အအုံကြီး တစ်ခုအပေါ် တက်ရောက်လို့ ခက်ခက်ခဲခဲ အလံသွားတင်ခဲ့ကြခြင်း ဖြစ်ပါတယ်။
အောင်မြင်မှုအလံ (The Flag of Victory)
By Unknown
Pulitzer Prize ရရှိဖူးတဲ့ ငိုကြွေးနေတဲ့ ကလေးငယ် ဓာတ်ပုံကို သိကြမှာပါ။ ယင်း ဓာတ်ပုံကို အမေရိကန်မှ ကမ္ဘာကျော် ဓာတ်ပုံဆရာ Nick UT မှ ရိုက်ကူးယူခဲ့တာ ဖြစ်ပါတယ်။ ယင်းဓာတ်ပုံ ရိုက်ကူးဖို့ ဂျာမနီနိုင်ငံထုတ် Leica ကင်မရာကို အသုံးပြုထားတာပါ။
၁၉၇၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်ဦးဆောင်တဲ့ စစ်တပ်ဟာ Trang Bang ဒေသကို စစ်ချီတိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံတွေကြားမှာ သူပုန်များ ပါဝင်နေတာကြောင့် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ ရွာမှာနေထိုင်တဲ့ ကလေးသူငယ်နဲ့ အရပ်သားများကို စစ်ဒဏ်ခံရစေခဲ့ပါတယ်။ ကလေးငယ်လေးဟာဆိုရင် ရေချိုးနေစဉ် ဗုံးကျလာတာကြောင့် ကြောက်လန့်တကြား လမ်းမပေါ် ထွက်ပြေးလာတာ ဖြစ်ပါတယ်။ ယင်း ကလေးမလေးဟာဆိုရင် ယနေ့မှာ အသက် ၅၀ ကျော်ပြီဖြစ်တဲ့ Phan Thi Kim Phuc အမည်ရ အမျိုးသမီး ဖြစ်နေပါပြီ။
သူမဟာ ယနေ့မှာ ကနေဒါမှာ နေထိုင်တဲ့ ကနေဒါ နိုင်ငံသူ တစ်ဦး ဖြစ်ပြီး သူမ အမည်နဲ့ ဖောင်ဒေးရှင်း ပြုလုပ်ကာ စစ်ဓာတ်ခံ လူများကို ကယ်တင် ကူညီတဲ့ လှူဒါန်းမှုများ ပြုလုပ်လျက် ရှိပါတယ်။
ငိုကြွေးနေတဲ့ ဗီယက်နမ် ကလေးငယ်
By Unknown
Subscribe to:
Posts (Atom)